သတင်းများ

သံဖြူဇရပ်မြို့ မဟာသင်္ကြန်သက်ကြီးပူဇော်ပွဲကျင်းပ
Apr 13,2022
၁၃၈၄ ခုနှစ် နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယနေ့ နံနက် ၈နာရီက ကျင်းပသည်။
ပုဂံမြို့ စဉ့်ကူးတိုက်နယ် မြို့မတောင်ရပ်ကွက်တွင်မီးလောင်မှုဖြစ်ပွား၊ နှစ်ထက်တိုက် တစ်လုံး နှင့်ဂိုဒေါင်တစ်လုံး မီးလောင်ဆုံးရှုံး
Apr 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ စဉ့်ကူးတိုက်နယ်၊ မြို့မတောင်ရပ်ကွက်တွင် ယနေ့နံနက် (၃) အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က မီးငြှိမ်းသတ် ဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်၌ မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ် ဖဲကြိုးဖြတ်ဖွင့်ပွဲကျင်းပ
Apr 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဘူတာရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ် လမ်းပိုင်း၌ စာပို့ရထားပြေးဆွဲမှုအား လူစီးတွဲကြီး(၁)တွဲထပ်တိုးပြေးဆွဲ
Apr 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌ မဟာသင်္ကြန်ကာလအတွင်း (၁၈၅)အဆန်နှင့် (၁၈၆)အစုန်စာပို့ရထား ပြေးဆွဲခြင်းကို ဧပြီ (၉)ရက်နေ့မှစ၍ လူစီးတွဲကြီး(၁)တွဲထပ်တိုး ပြေးဆွဲကြောင်း သိရသည်။
အိမ်ခြံဝန်းမြေကွက်လပ်အတွင်း ကွမ်းပင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Apr 13,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ နီလာလမ်းရှိ ဦးကျော်ဌေး၏ နေအိမ်ခြံဝန်းအတွင်းရှိ မြေကွက်လပ်တွင် ကွမ်းပင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်လှကျေးရွာနှင့် ဖြူထွားကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
Apr 13,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ညောင်လှကျေးရွာနှင့် ဖြူထွားကျေးရွာသို့ ယနေ့၊ နံနက် ၁၀ နာရီအချိန်က သောက်သုံးရေ ဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း အကျိုးဆောင် ဦးဝင်းမင်းထွန်းထံက သိရသည်။
ညောင်လေးပင်၌ မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ဖွင့်လှစ်
Apr 13,2022
၁၃၈၃ ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် ဗဟို‌ရေကစားမဏ္ဍပ်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်က‌ညောင်လေးပင်မြို့ မြိုမရဲစခန်း‌ရှေ့ ဗဟို‌ရေကစားမဏ္ဍပ်၌ ဖွင့်လှစ်‌ကြောင်း သိရသည်။