သန်လျင် ဧပြီ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေကစားမဏ္ဏပ်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဏပ်၌ ကျင်းပသည်။
အဆိုပါဖွင့်ပွဲတွင် သန်လျင်မြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဏပ်အား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုး၊ မြို့မိမြို့ဖဦးမြင့်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဥ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ဖျန်း ပေးကြသည်။ ထို့နောက် မန်းတောင်ရိပ်ခို သီချင်းသီဆို၍ ရေကစားမဏ္ဏပ်အား ဖွင့်လှစ်ပေးလိုက်သည်။
သန်လျင်မြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသကြန်ရေကစားမဏ္ဏပ်အား ယနေ့သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)