ရေကြည် ဧပြီ ၁၃
၁၃၈၃ ခုနှစ်သို့ ကူးပြောင်းသည့်အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရာ ယနေ့သည်မြန့်မာ့ရိုးရာ မဟာသင်္ကြန်အကြို့နေဖြစ်ပြီး ရေကြည်မြို့တော်သူ မြို့တော်သားများက အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများနှင့် စည်ကားလျက်ရှိသည်။
အဆိုပါ မြန့်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြိုနေ့တွင် ပြည်သူများက အေးချမ်းစွာ စတင်ဆင်နွှဲနေကြပြီး ရေကစားမဏ္ဍပ်များတွင် မုန့်လုံးရေပေါ် စတုဒိသာများ ပြုလုပ်၍ ကုသိုလ်ပြုကျွေးမွေးလျက်ရှိသည်။ ထို့ပြင်ရေကစားရာတွင် ဒေသခံပြည်သူများ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
အောင်သူဟန်(ပြန်/ဆက်)