မှော်ဘီမြို့နယ်၌ မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ် ဖဲကြိုးဖြတ်ဖွင့်ပွဲကျင်းပ

မှော်ဘီ ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီအချိန်က မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်စုံကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အတွင်းရေးမှူး) ရဲမှူးမြင့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အောင်စံပါယ် ပန်းကုံးများ ဆင်းမြန်းပေးပြီး သင်္ကြန်ရေသဘင်ပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြူမှောင်ဝေကင်းတေးသီချင်းဖြင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်းနှင့် အတာရေစင်များ ပတ်ဖြန်းခြင်းများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခဲ့ကြောင်း သိရ သည်။

ကောင်းမြတ်သူ(ပြန်/ဆက်)