ကြံခင်း ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌ မဟာသင်္ကြန်ကာလအတွင်း (၁၈၅)အဆန်နှင့် (၁၈၆)အစုန်စာပို့ရထား ပြေးဆွဲခြင်းကို ဧပြီ (၉)ရက်နေ့မှစ၍ လူစီးတွဲကြီး(၁)တွဲထပ်တိုး ပြေးဆွဲကြောင်း သိရသည်။
အဆိုပါ ရထားပြေးဆွဲမှုတွင် အမှတ်(၉)တိုင်းမန်နေဂျာ၏ ညွှန်ကြားချက်နှင့်အညီ မဟာသင်္ကြန် ကာလအတွင်း ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် ယခင်လူစီးတွဲကြီး (၅)တွဲ၊ တွဲလေး(၁)တွဲ၊ ပါဆယ်(၂)တွဲနှင့် ဘရိတ်တစ်တွဲချိတ်ဆွဲပြေးဆွဲခဲ့ရာမှ ဧပြီ(၉)ရက်နေ့ တွင် လူစီးတွဲကြီး(၁)တွဲထပ်တိုး ချိတ်ဆွဲပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်းအတွင်း၌ (၁၈၅)အဆန်နှင့် (၁၈၆)အစုန်စာပို့ရထား ပြေးဆွဲ ရာတွင် ခရီးသည်များ သွားလာရေးအဆင်ပြေစေရန် ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင် နှုန်း ရောင်းချပေးပြီး ထိုင်ခုံ(၂)လုံး စီစဉ်ပေးခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်သူများကိုသာ မှတ်ပုံတင်ကတ်ဖြင့် လက်မှတ်ရောင်းချပေးပြီး သွားလာခွင့်ပြုမှာဖြစ်ကြောင်း ကြံခင်းမြို့နယ် ရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)