တိုက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ

တိုက်ကြီး ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဘူတာရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ၁၃၈၃ ခုနှစ် နှောင်းတန်ခူး လဆန်း ၁၃ ရက်နေ့တွင် ကျရောက်သော မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြိုနေ့ နှစ်သစ်မိန့်ခွန်း အမှာစကားပြောကြားကာ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကြွရောက်လာကြသူများနှင့် ယိမ်းပျိုဖြူလေးများအား သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင်များပက်ဖျန်းပေးပြီး သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီးအကျ၊ အကြတ်ရက်နှင့် အတက်နေ့ရက်များတွင်လည်း သင်္ကြန်ယိမ်းအဖွဲ့များက အလှည့်ကျကပြဖျော်ဖြေခြင်း၊ ရေပက်ကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားစွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)