ပုဂံမြို့ စဉ့်ကူးတိုက်နယ် မြို့မတောင်ရပ်ကွက်တွင်မီးလောင်မှုဖြစ်ပွား၊ နှစ်ထက်တိုက် တစ်လုံး နှင့်ဂိုဒေါင်တစ်လုံး မီးလောင်ဆုံးရှုံး

ညောင်ဦး  ဧပြီ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ စဉ့်ကူးတိုက်နယ်၊ မြို့မတောင်ရပ်ကွက်တွင် ယနေ့နံနက် (၃) အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က မီးငြှိမ်းသတ် ဆောင်ရွက်ခဲ့သည်။

အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအထောက်အကူပြု ယာဉ် ၁ စီး၊ စဉ့်ကူးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ မီးငြှိမ်းသတ်ရေးယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ အရပ်ဘက်ရေသယ်ယာဉ် ၁ စီးတို့ဖြင့်မီးငြှိမ်းသတ်ကြရာ နံနက် ၃ နာ ၇ မိနစ်ခန့်တွင် မီးထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပုဂံမြို့၊ စဉ့်ကူးနယ်မြေ၊ မြို့မတောင်ရပ်ကွက်နေ၊ ဦးမန်းမော် (ပညာရေးဝန်ထမ်းငြိမ်း)(ဘ)ဦးလှရွှေ အသက် (၇၂)နှစ်၏နေအိမ် အိမ်မကြီးမှတစ်ဆင့် ဂို ဒေါင်တံစက်မြိတ်တွင် သွယ်တန်းထွန်းထားသော လျှပ်စစ်မီးလုံးအပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သက္ကယ်မိုး၊ ဝါးထရံကာ၊ မြေစိုက် ပစ္စည်းဟောင်းဂိုထောင် ၁ လုံး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်တိုက် လူနေအိမ် (၁)လုံးနှင့် အိမ်တွင်းရှိ ပစ္စည်းတစ်ချို့မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

ကိုထိန်၊KPD