ပဲခူးမြို့နယ်တွင် စာရေးဆရာ ဒေါက်တာ ကျော်စိန်၏ “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

ပဲခူး ဧပြီ ၁၉

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် လူငယ်လမ်းညွှန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပဲခူးခရိုင်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဉ်နုက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊  အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ  ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသော လူငယ်လမ်းညွှန်စာအုပ်ပါ အသိပညာပေး ဆောင်းပါးများကို (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင် ဒေါ်တင်တင်လှက လူငယ်နှင့် ကျန်းမာရေး ၊ ဒေါ်ကြူကြူမြင့်က လူငယ်နှင့် ပညာရေး ဒေါ်ဖြူဖြူရှိန်က လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး၊ ဦးသက်ဖြိုးကြိုင်က လူငယ်နှင့် မလိုလားအပ်သော အလေ့အထများစသည့်  အသိပညာပေး ဆောင်းပါးအကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပဲခူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များ နှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(ခရိုင်၊ ပြန်/ဆက်)