သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပွဲ၊ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲနှင့် ဇီဝတဒါန ငါးလွတ်ပွဲအခမ်းအနားများသို့ တက်ရောက်
Apr 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပွဲ၊ သက်ကြီးဘိုးဘွားများကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပင့်ဖိတ်ခံသံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြင်းခြံမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့အတွင်းရှိ အသက် (၁၅)နှစ်နှင့် အသက် (၁၈)နှစ်အကြား ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကွင်းဆင်ထိုးနှံပေး
Apr 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက် (၁၅)နှစ်နှင့် (၁၈)နှစ် အကြားတွင် Community Baseအနေဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို စတင် ထိုးနှံပေးတော့မည်ဖြစ်ရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၏ ကျန်းမာရေးဝန်ထမ်းများက အမှတ် (၇)ရပ်ကွက် ဝါဆိုဦး၊ လေသာကျောင်းစာသင်တိုက်နှင့် သမိဒ္ဓေါဒယ သီလရှင် စာသင်တိုက်တို့ရှိ အသက် (၁၅)နှစ် နှင့် (၁၈)နှစ်ကြား ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်များအား သွားရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့ ရွှေဘုံသာ ဘုန်းကြီးကျောင်းတွင် (၁၉၆) ကြိမ်မြောက် သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူ
Apr 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရွှေဘုံသာ ဘုန်းကြီးကျောင်းတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် (၁၉၆) ကြိမ်မြောက် သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူပွဲကို ယ‌မန်နေ့နံနက် (၉:၃၀) နာရီတွင် စတင် လောင်းလှူခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ပွဲ ကျင်းပ
Apr 18,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစု မြို့နယ်၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် သက်ကြီးပူဇော်ပွဲကို  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဟိုပုံးမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရေကစားမဏ္ဍပ်၌ ပြည်သူများပျော်ရွှင်စွာရေကစား
Apr 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မဟာသင်္ကြန်မဏ္ဍပ်နှင့် ဟိုပုံး-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီး၊ ဟိုပုံးမြို့မရေလွှဲဆည်တို့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားသူများနှင့်  သင်္ကြန်ချစ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား
Apr 18,2022
၁၃၈၄ ခုနှစ်၊     မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ ၁၇ ရက်နေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေး နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့်အခါအားလျော် စွာ ထားဝယ်မြို့၏ အထင်ကရ တစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ယမန်နေ့ညနေ့ပိုင်းတွင် ကုသိုလ်ကောင်းမှုပြု ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။