ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြု စုနည်းသင်တန်းဖွင့်လှစ်ပို့ချ

ရမည်းသင်း  ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်​ခြေနီ တပ်ဖွဲ့မှူး ဦး​​မျိုးလွင်က ကြက်​ခြေနီအ​ကြောင်း သိ​ကောင်းစရာရှင်းလင်း ပြောကြား ပြီးရမည်းသင်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ကြက်ခြေနီဒုမြို့နယ် တပ်ဖွဲ့မှူးဒေါ်စုစုလှိုင်နှင့် သင်တန်း ဆရာ/ဆရာမများကရှေးဦးပြုစုအ​ခြေခံသ​ဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ​ရှေးဦးပြုစုခြင်း၊​ ရွေ့​ပြောင်းသွားလာသူများ အန္တရာယ် ကင်းစွာ ရွေ့​ပြောင်းသွားလာနိုင်​ရေး၊​ ဘေးကင်းလုံခြုံ​ရေး အသိပညာ​ပေး​ခြင်း ဒဏ်ရာများနှင့်​သွေးယိုစီးခြင်း၊ အပူ​လောင်ခြင်းနှင့် အရည်ပူ​လောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်​ကြောဒဏ်ရာများအ​ကြောင်း၊ ကိုင်တွယ်နည်းနှင့် သယ်​ဆောင်နည်းများ၊ အ​ခြေခံအသက်ကယ် အ​ထောက်ကူပြု နည်း အစရှိသည့် သင်ခန်းစာများကို စာ​တွေ့၊ လက်​​တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို  သင်တန်းသား၊ သင်တန်းသူ စုစု​ပေါင်း (၃၅) ဦး တက်ရောက်လျက်ရှိရာ သင်တန်းကာလမှာ ဧပြီ ၁၉ ရက်​​နေ့မှ ဧပြီ ၂၃ရက်​နေ့အထိ  သင်ကြားပို့ချ​​ပေးမည်ဖြစ်​ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)