ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိုန်အဟုန်မပြက် ထိုးနှံပေး

ငါ့သရောက် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ အရှိုန်အဟုန်မပြက် ထိုးနှံပေးလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန်ကလည်း ငါ့သရောက်မြို့ တိုက်နယ်ဆေးရုံတွင် ထိုးနှပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ အရှိုန်ဟုန်မပျက် ထိုးနှံပေးခြင်းကို ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဦးဆောင်မှုဖြင့် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူပေါင်းမှုဖြင့် ထိုးနှံပေးလျက်ရှိရာ ငါ့သရောက်မြို့တွင် ဧပြီလ ၂၀ ရက်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၇၉၀) ဦးရှိကြောင်းရသည်။ သင်္ကြန်ကာလအပြီး ၁၉ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ပထမအကြိမ်ရော ဒုတိယအကြိမ်ရော လာရောက်ထိုးနှံသူ စုစုပေါင်း (၁၅၀၀)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဖြိုးဝေ (ပြန်/ ဆက်)