ကျုံပျော် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ကာ အခြေခံကွန်ပျူတာ အခမဲ့သင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအား လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းသားများအဖြစ် အမျိုးသား (၁၅)ဦး၊ အမျိုးသမီး(၁၅)ဦး၊ စုစုပေါင်း (၃၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် အခြေခံပညာအထက်တန်း တက်ရောက်ဖူးသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၃.၅.၂၀၂၂)ရက်နေ့မှ (၁.၆.၂၀၂၂) ရက်နေ့အထိ ဖြစ်ကာ အဆိုပါရုံး သင်တန်းခန်းမဆောင်၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းအချိန်ကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်အထိ သတ်မှတ်ထားပြီး လျှောက်ထား လိုသူများအနေဖြင့် ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဖုန်းနံပါတ် ၀၄၆ ၅၆၆၆၀၊ ၀၉ ၂၅၉၀၄၄၈၇၇ နှင့် ၀၉ ၇၉၃၅၁၂၄၃၄ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လျောက်ထားနိုင် ကြောင်း၊ အဆိုပါ ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများစွာ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)