အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန(Community Centre) ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

အလုံ ဧပြီလ   ၂၀

လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရန်၊ အသိပညာဗဟုသုတများရရှိ​စေရန်နှင့် အများ​ရှေ့တွင် ရဲဝံ့စွာ​​​ပြောဆိုနိုင်မှု စွမ်းရည်တိုးတက်​စေရန်အတွက် ရည်ရွယ်ကာ ​​ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယ​နေ့နံနက်(၁၁း၀၀)နာရီအချိန်က အလုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်တင်တင်ချိုက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး​ရေးအတွက် ယခုလို ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်​ကြောင်း၊​ နွေရာသီ​ကျောင်းပိတ်ရက်များတွင် သင်တန်းများ၊ ပြိုင်ပွဲများ၊ အားကစား လှုပ်ရှားမှုများ​ ဆောင်ရွက်မည်ဖြစ်သဖြင့် ပါဝင်ကြရန်နှင့် စာဖတ်စွမ်းရည်ပြု လုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း​ပြောကြားခဲ့သည်။

 ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ​​ကျောင်းသား၊​​ကျောင်းသူ (၇)ဦးက မိမိတို့ဖတ်ရှု​ခဲ့သည့် စာအုပ်ပါ အ​ကြောင်းအရာများကို ​ဆွေး​နွေး​ပြောကြားခဲ့ပြီး  ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းနှင့် လက်​ဆောင်​များ​ပေးခြင်းကို တာဝန်ရှိသူများက ​ဆောင်ရွက်ခဲ့သည်။

 အလုံမြို့နယ်ရုံးအနေဖြင့် လူငယ်များအား ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးရေးအတွက် သင်တန်းများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ဟောပြောပွဲများ စသည့် အသိပညာပေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ နှင့်အညီ စဉ်ဆက်ပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)