ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်ရိုးသစ် Grade 5 ဗဟို အဆင့်နည်းပြ(TOT)(Training of Trainor) online သင်တန်းပြုလုပ်

ပန်းတောင်း        ဧပြီ      ၂၀

ပန်းတောင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ(TOT)(Training of Trainor) online သင်တန်းကို ဧပြီလ ၂၀ ရက်နေ့ နံနက်(၀၉:၀၀) အချိန်က ပန်းတောင်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ သင်ရိုးသစ် Grade 5 ဗဟိုအဆင့်နည်းပြ(TOT) သင်တန်းအား zoom meeting ဖြင့်ပြုလုပ်သည်။

အဆိုပါသင်တန်းတွင် ပန်းတောင်းမြို့နယ် ကျေးရွာအသီးသီးရှိကျောင်းများမှ မူလတန်းကျောင်းအုပ်ဆရာမများနှင့် မူလတန်းပြဆရာမများ (၄၈)ဦး၊ ကြီးကြပ်ရုံး အဖွဲ့ (၆)ဦး စုစုပေါင်း (၅၄)ဦး တတ်ရောက်၍ သင်တန်းဖွင့်အမှာစကားအား ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ခေါ်ခင်စန္ဒာလွင်မှ ပြောကြားခဲ့သည်။ သင်တန်းကို ၂၀-၄-၂၀၂၂ ရက်နေ့မှ ၂၅-၄-၂၀၂၂ ရက်နေ့ထိ နံနက် (၀၉:၀၀ )အချိန်မှ ညနေ (၁၆:၀၀ )အချိန်ထိ ပြုလုပ် မည်ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနှင့် စာရိတ္တနှင့် ပြည်သူ့နီတိ ကာယပညာဘာသာတို့ အသီးသီးပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းအား ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်နှင့် နည်းပြဆရာ(၂)ဦး၊  သင်တန်းပို့ချမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)