မိုးညှင်း မေ ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဆန်းယုဝင်းက မိုးညှင်းမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ် ဧပြီလမှ မတ်လအထိ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်း ရည်မှန်းချက် စာအုပ်များကို မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များနှင့် လယ်ယာကဏ္ဍအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား အသီးသီးတာဝန် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)