စဉ့်ကိုင် မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ကာရာတေး ကလပ်အသင်းတို့ ပူးပေါင်းပြီး အေရိုးဗစ်သင်တန်း (အခမဲ့) ဆင်းပွဲကို ယမန်နေ့ ညနေ(၄)နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကာလတွင် အချိန်ကို အကျိုးရှိ စွာ အသုံးချနိုင်ရေးအတွက် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ကြံ့ခိုင်မှု(အေရိုးဗစ်) အတတ်ပညာ ကိုလေ့လာ တတ်မြောက်နိုင်စေရန်နှင့် ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့် စကားအတိုင်း စာအုပ်စာ စောင်များကို ဖတ်ရှုလေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်ကာ နောင် ခေတ်တွင်ခေါင်းဆောင်များ ဖြစ်ကြစေလိုကြောင်း ပြောကြားပြီး Youth Club အသင်းဥက္ကဋ္ဌ ဦးတိုက်ကြည်မှ လူငယ်လူရွယ်များ အားကစား စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံ တော်ကို အကျိုးပြုမည့် ဗလငါးတန် နှင့် ပြည့်စုံသည့် သားကောင်ရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးသင်တန်းများ ဖွင့်လှစ်ပေးခြင်း ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ် ကြောင်း မိမိတို့သူငယ်ချင်းများကိုလည်း ဖိတ်ခေါ်၍ အကပညာများကို သင်ကြားပေးစေလို ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အေရိုးဗစ် သင်တန်းနည်းပြဆရာ၊ ဆရာ မများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်လာ သူများအား သင်တန်းသား/သင်တန်းသူများက အေရိုးဗစ် ကကွက်များဖြင့် ကပြဖျော်ဖြေပေးကြ ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)