ပန်းတနော်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား​ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပန်းတနော် မေ ၅

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအား​ဖြင့် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ရွှေကျောင်းမြောက်ကျေးရွာအုပ်စုရှိ သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၁)ဦး၊ မိသားစုစည်းရုံးရေးနှင့် စည်ကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မိုး ဦးဆောင်၍ မိသားစုဝင် (၁၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး စုစုပေါင်း (၃၆)ဦးတို့ဖြင့် သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် ခြုံနွယ်မြတ်ပင်များရှင်းလင်းခြင်း၊ တံမြတ်စီးလှည်းခြင်း၊ အမှိုက်များကောက်ယူခြင်းများကို လုပ်အားဒါနကုသိုလ်အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)