နတ်မောက် မေ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ မူလတန်းကြိုကျောင်းကို မေလ (၂) ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နတ်မောက်မြို့ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းတွင် မူကြိုကလေးငယ် (၈၀) ဦး လာရောက်အပ်နှံထားပြီး အဆိုပါ ကလေးငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးစိတ်ခံစားမှု၊ အာဟာရ နှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရေးအတွက် ကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့် သင်ကြားနည်း၊ လက်မှုပညာသင်ကြားနည်း အစရှိသည့် သင်ကြားနည်းများဖြင့် ဆရာ / ဆရာမများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း နတ်မောက် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထက်ထက်ထံမှ သိရသည်။
သင်းသင်းမြတ်