သရက်ချောင်း မေ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူး ကျေးရွာ (အ-မ-က) ကျောင်းခန်းမတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးရုံး သီးနှံကာကွယ်ရေးဌာနက ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုး၊ မြေယာအသုံးချမှုဌာနက ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် သရက်ချောင်း မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းတို့က သဘာဝမြေဩဇာပြုလုပ်နည်း၊ သီးနှံကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ မြေဆီလွှာအာဟာရချို့တဲ့ရခြင်းအကြောင်းအရင်းများ၊ ဝဥနှင့် ကိုကိုး စိုက်ပျိုးနည်း သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၁၅) ဦးဖြင့် မေလ ၃ ရက်နေ့မှ ၆ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)