အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကျင်းပ

အိမ်မဲ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်အခန်း(၁၇)မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုခေါင်းစဉ်အောက်မှ အချက် (၁၄)ချက်၊ အခန်း (၁၈)မှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းခေါင်းစဉ်အောက်မှ အချက်(၈)ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)