ထန်းတပင်မြို့နယ် ကျောင်းကုန်းကျေးရွာတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) မေ ၉

ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အနာဂတ်တွင် ယဉ်ကျေးလိမ္မာလာပြီး လူတော်၊ လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီ ဘုန်းတော်ကြီး ကျောင်းတိုက်ကြီးတွင် ယမန်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း တိုက်ကြီးတွင် အမအကြိမ် မြောက်အဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး မေလ(၈)ရက်နေ့မှ မေလ (၁၄)ရက်နေ့အထိ(၇)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သင်တန်းတွင် ရုပ်စုံဗုဒ္ဓသာသနာဝင်၊ (၃၈)ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်နှင့် ဘုရားရှိခိုးနည်းများကို သင်တန်းနည်းပြဆရာမ(၅)ဦးတို့မှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၇)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၂)ဦး စုစုပေါင်း(၆၉)ဦးတို့ကို အတန်း(၂) တန်းခွဲကာ သင်ကြားပို့ချပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)