ဒဂုံအရှေ့ မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂ ခုနှစ် အစိုးရ ပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ အဖြစ် အမှတ် ၁၃ ရပ်ကွက်ကြေးတိုင် စုလမ်းရှိမာဂဓိသာ စည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့မွန်းတည့် ၁၂ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၂-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် သံဃာတော်များနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဆွမ်း၊ ကွမ်းဝေယျာဝေစ္စ၊ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များအား ဝိုင်းဝန်း၍ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-ခုနှစ် မေ(၇)ရက်နေ့မှ မေ(၁၃)ရက် နေ့အထိ ကျင်းပသော အစိုးရပါဠိပထမပြန် စာမေးပွဲ၌ မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ပထမကြီး တန်း(၅၂)ပါး၊ ပထမလတ်တန်း(၃၉)ပါး၊ ပထမငယ်တန်း(၁၂၈)ပါးနှင့် အခြေပြု မူလတန်း (၁၉၀)ပါး စုစုပေါင်း စာဖြေသံဃာတော် အပါး(၄၀၉)ပါးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားရာ စာမေးပွဲဝင်ရောက် ဖြေဆိုရန်တတိယနေ့ မေလ ၉ ရက်တွင် ပထမကြီးတန်း (၃၈)ပါး၊ ပထမလတ်တန်း (၂၈)ပါး၊ ပထမငယ်တန်း (၁၀၃)ပါးနှင့် အခြေပြု မူလတန်း(၁၄၉)ပါး စုစုပေါင်း စာဖြေသံဃာတော် (၃၁၈)ပါး ရာခိုင်နှုနအားဖြင့် ဝင်ရောက် ဖြေဆိုမှု ၇၇•၇၅ ရာခိုင်နှုန်းမှာ အေးချမ်းစွာဖြင့် ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝင်းအိမွန်