တိုက်ကြီး မေ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကို အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ယနေ့နံနက်ပိုင်းက ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မေ လ ၇ ရက်နေ့မှ စတင်ဖြေဆိုခဲ့ပြီး ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းများကိုဖြေဆိုရာ၌ ယနေ့တွင် ရဟန်း ၁၀ ပါး၊ သာမဏေ ၇၆ ပါး၊ သီလရှင် ၁ ပါး စုစုပေါင်း ၈၇ ပါး ဝင်ရောက် ဖြေဆိုသည်။
၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မေလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲကို ကြီးကြပ်ရေး ဆရာတော်များ၊ ကြီးကြပ်ရေး လူပုဂ္ဂိုလ်များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး စာဖြေသံဃာများကို မြို့ပေါ်ရှိ အပတ်စဉ် ဆွမ်းလောင်း လှူရေးအဖွဲ့များက ဆွမ်းဆက်ကပ်ပြီး၊ လူပုဂ္ဂိုလ်များကိုလည်း .ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရပါသည်။
စန်းကလျာခိုင်