ဘူးသီးတောင် မေ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 5(သင်ရိုးသစ်) ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင် ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရန် ရည်ရွယ်၍ Grade - 5 (သင်ရိုးသစ်)ဆင့်ပွား သင်တန်းကို သင်ကြားပို့ချရခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး က သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ် သင်တန်းနည်းပြ (၅၈)ဦးက သင်ကြားပို့ချမည် ဖြစ်ရာ သင်တန်းသား အခြေခံပညာမှုလတန်းပြ ဆရာ၊ ဆရာမ (၈၀၇)ဦး တို့က တက်ရောက် သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှကျော်( ပြန်/ဆက်)