ပင်းတယ မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌၂ ၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းအား မေလ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ရက်တိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အခမ်းအနားတွင် ပင်းတယမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက လာမည့် ဇွန်လ(၁) ရက်နေ့ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးချိန်၌ ယခုသင်တန်း တက်ရောက်ခဲ့ကြသည့် Grade-5သင်ရိုးသစ်သင်ခန်းစာများကို ကျောင်းသူ၊ ကျောင်းသားများအား စနစ်တကျသင်ကြားမှု့များ ပြုလုပ်ကြရန်နှင့် အရည်အသွေးမြင့်မားပြီး ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ထွန်းကားပေါ်ပေါက်စေရန်ရည်ရွယ်၍ သင်ကြားပို့ချပေးမည့် ဆရာ/ဆရာမများအနေဖြင့် အရည်အသွေးမြင့်မားပြီး၊ ပညာရည်ပြည့်ဝစေဖို့ အလေးထား ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်၊ ဆင့်ပွားသင်တန်းဖွင့်လှစ်ပေးနိုင်ရေး တာဝန်ကျဆရာတစ်ဦးမှ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါသင်တန်းတွင် ပင်းတယမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ သင်တန်းသားဦးရေ (၅၀၀) ကျော်ခန့်တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ မေ ၁၀ ရက်မှ မေ ၁၃ ရက်အထိ (၄)ရက် ကြာမြှင့်မည်ဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထခွဲ(၇) ကျောင်း၊ အလကကျောင်း (၇)ကျောင်း၊ အလကခွဲ (၁၂) ကျောင်း၊ အမကကျောင်း (၇၄)ကျောင်း၊အမကခွဲ(၄) ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၁၂၀) ရှိကြောင်း သိရသည်။
အေးအေးလတ်