ဘုတ်ပြင်း မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ရေငံကြီးကျေးရွာအုပ်စု ကွန်တောင်ကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မိုးသက်လေပြင်ကျရောက်၍ တောင်ပြိုကျမှုကြောင့် အမက-ကွန်တောင်စာသင်ကျောင်းဆောင် ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
တောင်ပြိုမှုကြောင့် သွပ်မိုး၊ အုပ်ညှပ်စာသင်ကျောင်းဆောင်တစ်ဝက်ခန့်ပြိုကျသွားပြီး ကျောင်းဆောင်အတွင်းရှိပစ္စည်းအချို့ ဆုံးရှုံးပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါပြိုကျပျက်စီးမှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)