ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်၍ လူနေအိမ်တစ်လုံးပြိုကျပျက်စီး

ဘုတ်ပြင်း  မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာတွင် ယမန်နေ့က မိုးသက်‌လေပြင်းကျ‌ရောက်ကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးသည့်နေအိမ်မှာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့်အိမ်‌ထောင်စုတစ်စုမှ ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးအားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်က နီးစပ်ရာဆွေမျိုးများနေအိမ်သို့ နေရာချထား ဆောင်ရွက်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)