သတင်းများ

ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော်တွင် ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်ကြည်ညိုနိုင်ရန်နှင့် မြို့ရွာများ သန့်ရှင်း သာယာလှပရေးတို့အတွက် မြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ မေ ၂၁ ရက် နံနက် ၇ နာရီက သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်
May 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် နယ်မြေခံတပ်ဖွဲ့ဝင်များပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။
မိုးမောက်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့သစ်တောဦးစီးဌာနအနေဖြင့်  သစ်တော သစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းအားဖြင့် သဘာဝပတ်၀န်းကျင် စိမ်းလန်းစိုပြေစေရန်၊ ဂေဟာစနစ်ပြောင်းလဲမှုလျော့ပါးသက်သာစေရန်  ရည်ရွယ်ချက်များဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကိုမေလ ယနေ့ နံနက် ၇ နာရီခန့်က အလင်းကောင်ရပ်ကွက် အောင်လောင်းတော နေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မိုးမောက်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ (ပျဉ်းကတိုး၊မဟော်ဂနီ၊ ယမနေ ၊ငါးပေါက် ) ပျိုးပင် စုစုပေါင်း အပင်ရေ (၂၀၀) ခန့်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲများ ဆောက်ရွက်
May 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က ကြို့ကုန်းကျေးရွာသို့ကွင်းဆင်း၍ ဒေသခံတောင်သူများထံ အရောက် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသောပတ်ဝန်းကျင်တွင် အဆင်ပြေစွာပညာသင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်၌ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲအချိန်ခန့်က ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းများတွင်  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်‌တန်းကျောင်းနှင့်  အမှတ်(၆) အခြေခံပညာအထက်‌တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက လူထုအကျိုးပြု စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်
May 21,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက တြိဂံလမ်းဆုံမှ ပေါက်တော-မင်းပြား ကားလမ်းမြို့ဝင် ဆိုင်းဘုတ်အထိ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 21,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကိုအထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်က တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၀င်းအတွင်း၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။