သတင်းများ

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်
May 21,2022
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် စသည့် မြန်မာ့ပညာရေး မျှော်မှန်းချက်တွေအတိုင်း ၂၀၂၂-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့နံနက် ပိုင်းအချိန်က တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင်  သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် Grade -11(စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် GRADE-11  (စနစ်သစ်) သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ များ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က GRADE-11(စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဦးမြို့ ရွှေသိမ်တော် ကျောင်းတိုက်အတွင်း မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်
May 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲ အချိန်က ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်ရှိ ရွှေသိမ်တော် ကျောင်းတိုက်အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေးအတွက်ဋ္ဌာန ဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ အမှိုက်Campaingပြုလုပ်
May 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှိယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် အဆင့်ဋ္ဌာန ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အလယ်ဈေးရပ်ကွက် သကျမာရဇ်အောင် စေတီတော်ကြီး ဘေးပတ်လည်တွင်အမှိုက် Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှ၌ အခြေခံပညာသင်ရိုးသစ် (Grade-11) မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချ
May 21,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပညာရေးဌာနမှကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-11 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ ထ.က မင်းလှ(မြို့ပြင်) ကျောင်း၌ ယနေ့နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ရေဖြူ၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်း ဖွင့်လှစ်
May 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade(11)သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူမြို့၊ ကျောင်းခန်းမဆောင်၌ ယနေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် တံတားအထူးအဖွဲ့ (၅) မှ တာဝန်ယူတည်ဆောက်မည့် တံတား (၄) စင်းအတွက် ကျပ်သန် (၂၀၀) အောက် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရေးတင်ဒါဆောင်ရွက်
May 21,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တာဝန်ယူတည်ဆောက်မည့် စေတုတ္တရာမြို့နယ်နှင့် စလင်းမြို့နယ်တို့မှ တံတား(၄)စင်းအတွက် ကျပ်သန်း (၂၀၀) အောက် လုပ်ငန်းသုံးပစ္စည်းများ တင်ဒါဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တင်ဒါပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တံတားအထူးအဖွဲ့ (၅) ဆိပ်ဖြူရုံး၌ ကျင်းပပြုလုပ်သည်။