တပ်ကုန်းမြို့နယ်  ကုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းအတွင်း၌  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တပ်ကုန်း  မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ ဆေးရုံဝန်းအတွင်းတွင် ယနေ့ နံနက် ၇နာရီခွဲက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်း၊ မြို့နယ် အထွေထွ ေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်းမြောင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဘုရင့်နောင် ရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ မြဝတီရပ်ကွက်နှင့်ဆရာစံရပ်ကွက် တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်ပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့်က အဖွဲ့(၃)ဖွဲ့ ခွဲ၍ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ရိုင်းများ ခုတ်ထွင်း ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူစုပုံခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်း မွန်အောင် စုပေါင်းဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသူများကို ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်က နံနက် စာ အာဟာရဒါနဖြစ် ရေသန့်နှင့်ထမင်းဆီစမ်း၊ အကြော်တို့ဖြင့် ဧည့်ခံလှူဒါန်း ပေးခဲ့ကြောင်းသိရ သည်။

တင်စိုးလွင်