ဗန်းမောက် မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပန်းခြောက်ဖြင့် ပန်းအလှ ထိုးနည်းသင်တန်းကို ဖွင့်လှစ်သည်။
ထိုသင်တန်းကို မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များနှင့် စိတ်ပါဝင်စားသူများအား အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ သင်ယူတတ်မြောက်သင့်သည့် အိမ်တွင်းမှုအတတ်ပညာများကို အလွယ်တကူ သင်ယူတတ်မြောက်စေရန်နှင့် တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးစေရန်ရည်ရွယ်ပြီး မြို့နယ်ရုံး အနေဖြင့် ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူဟန်က ပြောသည်။
အဆိုပါသင်တန်းတွင် ပန်းအလှပြင်ဆရာမ ဒေါ်မြင့်မြင့်ဇော်က သင်ကြားပြသပေးပြီး သင်တန်းသူများက စိတ်ပါဝင်စားစွာသင်ယူကြကာ သင်တန်းကာလမှာ တစ်ရက်တာသင်တန်းဖြစ်ကြောင်း သိရသည်။
မေသူ (ဗန်းမောက်)