မြောင်းမြ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဒေါ်ခင်ရူပါအေး (ဒုတိယဦးစီးမှူး)က “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမြင်အာရုံချို့ယွင်းသူနှင့် အကြားအာရုံချို့ယွင်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူတို့ အကြောင်းကို ဖတ်ကြားပေးခဲ့သည်။ ၄င်းနောက် ဒေါ်ရည်မွန်ဆွေ (အကြီးတန်းစာရေး)က မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းများအကြောင်း၊ ဒေါ်သက်ဝေနှင်း (ရုပ်သံကျွမ်းကျင်−၃)က မသန်စွမ်းသူများအား ပြုစုပျိုးထောင်ရေး အကြောင်းအရာများအား ဖတ်ကြားပေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် ကလေးများအတွက် အသိပညာ ဗဟုသုတရရှိစေသော ကဗျာရွတ်၊ ပုံပြော၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် Talk Show အပါအဝင် အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)