မရမ်းကုန်းမြို့နယ်တွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွား

မရမ်းကုန်း  မေ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ အောင်သပြေ()လမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ ယနေ့မွန်းလွဲ (၁၂:၄၀) အချိန်ခန့် က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုဖြစ်ပွားသည့်နေရာသို့ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်()စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)