ပိုင်ကျုံမြို့တွင် အခြေခံဂီတသင်တန်းဖွင့်လှစ်

ပိုင်ကျုံ မေလ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ် (၂ရပ်ကွက်၊ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှစ်ခိုးကျောင်းတွင် နွေရာသီကျောင်းပိတ်ချိန်ကာလအတွင်း ကျောင်းသားလူငယ်မောင်မယ်များက အချိန်ကိုအသုံးချတတ်စေရန်အတွက် အခြေခံဂီတသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဂီတနှင့်တယောတီးခတ်ခြင်းများ၏ အခြေခံသဘောတရားများ၊ သေင်္ကတ (Note) များ၊ တီးခတ်နည်းများကို အသေးစိတ် သင်ကြားပို့ချလျက်ရှိကြောင်း၊ မောင်မယ်လူငယ်များအနေဖြင့် မိမိကြိုက်နှစ်သက်ရာဘာသာကို ရွေးချယ်တက်ရောက် သင်ကြားနိုင်ကြောင်း သိရှိရသည်။

သင်တန်းကို ပိုင်ကျုံမြို့ ကျမ်းစာသင်‌ကျောင်းမှ ဆရာ/ဆရာမတို့မှ လာရောက်ပို့ချသင်ကြားလျက်ရှိပြီး ပိုင်ကျုံမြို့နယ်အတွင်းရှိ လူငယ်မောင်မယ်စုစုပေါင်း (၆၀) ဦး တက်ရောက် သင်ကြားလျက်ရှိ‌ကြောင်း၊ သင်တန်းအား မေလ ၉ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး(ပြန်/ဆက်)