ကမာရွတ်မြို့နယ်တွင် Sinopharm ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Astra Zeneca) ဆက်လက်ထိုးနှံ​

ကမာရွတ်  ​မေ ၂၀

ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster( Actra Zeneca) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး  ယနေ့နံနက် ၉နာရီက ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ပြည်သူ့ကျန်းမာ​ရေးဦးစီဌာန၊ ​ဆေး​ပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Actra Zeneca)ကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြု တပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက် ကြသူများကို အဆင်ပြေချောမွေ့ စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ၊မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စိမ်းလဲ့