အများပြည်သူများသုံးစွဲရန်မသင့်သော အာရှရွှေကြယ် အဆစ်အမြစ်ရောင်ပျောက်ဆေး ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်း

ဒလ မေ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အများပြည်သူများ သောက်သုံးရန်မသင့်သော အာရှရွှေကြယ် အမှတ်တံဆိပ် အဆစ်အမြစ်ရောင် ပျောက်ဆေးအား ရောင်းချခြင်း ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးကြောင်း သိရပါသည်။

အဆိုပါ အာရှရွှေကြယ် အဆစ်အမျတ်ရောင်ပျောက်ဆေးသည် အများပြည်သူများ သောက်သုံးရန်မသင့်ကြောင်း နေစဉ်ထုတ် သတင်းစာများတွင် အသိပေးကြော်ငြာထားပြီး ဖြစ်သော်လည်း  အများပြည်သူများ၏ ကျန်းမာရေးကို ရှေ့ရှု၍ ယနေ့တိုင် စျေးကွက်များတွင် ရောင်းချနေခြင်းများ မရှိရအောင် မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

   သီတာဝင်း