သတင်းများ

ချောင်းဆုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
May 19,2022
မိုးရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန်အတွက် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် ယနေ့ နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ တရားမဝင်တိုင်းရင်းဆေးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သော တိုင်းရင်းဆေးဝါးများဖြစ်သည့် အာရှရွှေကြယ် အဆစ်အမြစ်ရောင် သောက်ဆေးနှင့် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးများ ရောင်းချမှုမရှိစေရေး ယနေ့နံနက် (၁၁)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုပ်ပုံပြပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင် ခင်းကျင်းပြသ
May 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရုပ်ပုံပြပုံပြောပြိုင်ပွဲနှင့် စာအုပ် စာစောင်များကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ပြုလုပ်ပြသခဲ့ကြောင်းသိရသည်။
သရက်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
May 19,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့် သရက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်သည်။
၂၀၂၂ ခုနှစ်၊ ဧရာ၀တီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနတွင် မိုးရာသီအတွက် လူထုဖြန့်ချီ စိုက်ပျိုးမည့် ပျိုးပင်စုစုပေါင်း (၁၄၁၅၈၀၀) လျာထားစိုက်ပျိုးထားလျက်ရှိ
May 19,2022
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သစ်တောဦးစီးဌာနတွင် ၂၀၂၂ ခုနစ် မိုးရာသီအတွက် လူထုဖြန့်ချီစိုက်ပျိုးမည့် ပျိုးပင်များ စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်စဉ် မိုးရာသီအတွက် ပျိုးပင်များ လျာထားစိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင်လည်း စိုက်ပျိုးရန် ပျိုးပင်စုစုပေါင်း (၁၄၁၅၈၀၀) လျာထားလျက်ရှိသည်။
မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
May 19,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်
May 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ ဇီဇဝါလမ်းအုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်းဘုတ်ပိုစတာစိုက်ထူ
May 19,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်ဘုတ်ပိုစတာကို အများပြည်သူ၊ ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် ရသေ့တောင်မြို့ အ.ထ.က(၁) (၂)ကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် လူစည်ကားရာ လမ်းဆုံနေရာများတွင် ယနေ့နံနက် (၉:၀၀ ) နာရီက စိုက်ထူခဲ့သည်။