ရသေ့တောင် မေ ၁၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ဆိုင်ဘုတ်ပိုစတာကို အများပြည်သူ၊ ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် ရသေ့တောင်မြို့ အ.ထ.က(၁) (၂)ကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် လူစည်ကားရာ လမ်းဆုံနေရာများတွင် ယနေ့နံနက် (၉:၀၀ ) နာရီက စိုက်ထူခဲ့သည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူခြင်းသို့ မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေနှင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာဆရာမများနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဒုတိယပညာရေးမှူးတို့ တက်ရောက်စိုက်ထူခဲ့ကြသည်။ ဆိုင်းဘုတ်ပိုစတာတွင် ၂၀၂၂-၂၀၂၃ ခုပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့" ရေးသားထားပြီး ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၆ ရက် နေ့မှ ဇွန်လ ၁ ရက်နေ့ထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)