မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌  အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

မဟာအောင်မြေ မေ   ၁၉

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က အခြေခံပန်းချီ‌ရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီပညာရှင် ဦးဖိုးချစ်က အခြေခံပန်းချီရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပန်းချီပညာရှင် ဦးဖိုးချစ်က အခြေခံပန်းချီရေးဆွဲခြင်းအား လက်တွေ့ရေးဆွဲ သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ (၁၉-၅-၂၀၂၂)ရက်နေ့မှ (၂၀-၅-၂၀၂၂) ရက်နေ့ထိ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဇော်မင်း