သတင်းများ

ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းစည်းဝေး ကျင်းပ
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
မိုးမိတ်မြို့နယ်တွင်  Community Centre တွင်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ အရေးပေါ်အသက်ကယ်ရန် အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ်သိနားလည်စေရန်အတွက် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လည် ၃ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ Grade -8 သင်ရိုးသစ် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ
May 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၄ နာရီက  အထက(မြတ်သီရိ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ
May 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ် အောက်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ညနေပိုင်းက အောင်ဇေယျဘက်စုံ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက (၁) ကျောင်းဝင်းအတွင်းတွင်
မန္တလေးသူနာပြုတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
May 18,2022
သူနာပြုတက္ကသိုလ်(မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာခင်စိန်ဝင်း၊ ဒုတိယ ပါမောက္ခချုပ်ဒေါက်တာနန်းအောင်(စီမံ) ဒေါက်တာညီညီဌေးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။    
မိုင်းတုံမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်တာဝန်ရှိသူများက e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု
May 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းများပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် စာရင်းရေးသွင်းနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀း၄၀နာရီအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။