ချမ်းမြသာစည် မေ ၁၈
သူနာပြုတက္ကသိုလ်(မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပါမောက္ခချုပ်ဒေါက်တာခင်စိန်ဝင်း၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာနန်းအောင်(စီမံ) ဒေါက်တာညီညီဌေးနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ video comferencing ဖြင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပါမောက္ခချုပ် ဒေါက်တာခင်စိန်ဝင်းမှ ကျောင်းသားသူများအား ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း အမှာစကားပြောကြားကာ အခမ်း အနားသို့ တက်ရောက်လာသူများအား မနက်စာဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အလားတူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တွင် ယနေ့နံနက်ပိုင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကိုကိုနှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့်အခမ်းအနားတွင် ကျန်းမာ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက video comferencing ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာကိုကိုမှ ကျောင်းသား/သူ၊ မောင်/မယ်တို့အား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း