မိုင်းတုံ မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်းများပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် စာရင်းရေးသွင်းနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀း၄၀နာရီအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက နိုင်-၄မှတ်တမ်းများကို မေလ(၁၈)ရက်နေ့အထိ စာရင်းရေးသွင်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက စာရင်းများမှတ်တမ်းဖြည့်စွက်ခြင်းနှင့် မြေပြင်လူဦးရေစာရင်းများရေးသွင်းမှုတွင် အမှားအယွင်းမဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်မှု ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဌာနဆိုင်ရာများစုပေါင်းအဖွဲ့၏ e - ID စနစ် Excel Format ဖြင့် နိုင် - ၄ မှတ်တမ်းများစိစစ် ဖြည့်သွင်းခြင်းနှင့် Software အတွင်းထည့်သွင်းမှုတွင် Excel Format ဖြင့် ရိုက်သွင်းရမည့်အရေအတွက်မှာ လူဦးရေ(၆၂၂၅၆)ဦးဖြစ်ရာ မေလ ၁၈ ရက် ယနေ့အထိ (၆၂၂၅၆)ဦးထည့်သွင်းပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၁၀၀)ရာခိုင်နှုန်းနှင့် Software အတွင်း ထည့်သွင်းပြီးအရေအတွက်မှာ လူဦးရေ (၅၆၄၇၃)ဖြစ်၍ ပြီးစီးမှုရာခိုင်နှုန်းမှာ (၉၀.၁၀)ရာခိုင်နှုန်းထည့်သွင်းပြီးစီးပြီဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)