မိုင်းကိုင် မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အထက(မြတ်သီရိ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက သင်တန်းဆင်း အမှာစကားပြောကြားပြီးနောက် သင်တန်းသို့တက်ရောက်ခဲ့သော အခြေခံပညာအလယ်တန်းဆင့် Grade-8 သင်ရိုးသစ် သင်ကြားမည့် ဆရာဆရာမ ၈၄ ဦးနှင့် နည်းပြဆရာဆရာမများက သင်တန်းဆင်းဂုဏ်ပြု အကအဖွဲ့များဖြင့် ယှဉ်ပြိုင်ကပြခဲ့ရာ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများကို ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ သင်တန်းဆင်းနေ့ရက်အထိ သင်တန်းကာလသုံးရက်ဖြင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် Grade-8 သင်ရိုးသစ် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သိပ္ပံ၊ သမိုင်း၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်တို့ကို သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)