ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့
May 18,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်နှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။