စဉ့်ကူးမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချ

စဉ့်ကူး  မေ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အလယ်တန်းအဆင့် သင်ရိုးသစ် (Grade-8) မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းပို့ချခြင်းကို စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချလျက်ရှိ​သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာဦစီးဌာနရုံးချုပ်မှ ပို့ချသောသင်တန်းကို တက်ရောက်ခဲ့သည့် သင်တန်းနည်းပြ (၉)ဦးတို့က စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၂၆၁) ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယ၊ ဂီတ/ပန်းချီ စသော (Grade-8) သင်ရိုးသစ်ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ ပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိဖြစ်ပြီး နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ (၃)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)