ကျိုင်းတုံ မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 (သင်ရိုးသစ်)၊ ပြည်နယ်အဆင့်နည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင် (၂) ဒေါက်တာ လှရွှေနှင့် ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းခင်ထွေးရီတို့က သင်တန်းနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားကြသည်။ အဆိုပါသင်တန်းသို့ အထက်တန်းပြ ဆရာ၊ ဆရာမ ၁၀၈ ဦး တက်ရောက်ပြီး မေ ၁၇ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် သင်တန်းကို ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပရာ အလယ်တန်းပြ ဆရာ၊ ဆရာမ ၂၈၇ ဦး တက်ရောက်ပြီး မေ ၁၆ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)