ရှမ်းရွာသစ် မေ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက ပြည်သူများအသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းရွာသစ်နယ် မြေရဲစခန်းမှရဲအုပ်မင်းအောင်ဇော်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် သိကောင်းစရာများကို ဆွေးနွေးခဲ့သည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်းလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)