ကျိုက်မရော မေ ၁၉
မိုးတွင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော လေပြင်းမုန်တိုင်းအန္တရာယ် ရေကြီးရေလျံခြင်း အန္တရာယ်များဖြစ်ပေါ်လာပါက ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နေ့လည် ၁ နာရီက ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ(talk show)တွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အသိပညာပေးဆွေးနွေးပွဲ talk show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီးမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦးက ရေကြီးရေလျှံခြင်းများအတွက် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်သြဂုတ်လ၌ မိုးသည်းထန်ပြီး အတ္တရံမြစ်ရေလျံသည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရသဖြင့် ယခုလိုရေဘေးအန္တရာယ်နှင့် ပတ်သက်သော ကြိုတင်သတိပေးရမည့်အချက်များကို မဖြစ်ပေါ်မှီ၊ ဖြစ်ပေါ်နေဆဲကာလ ဖြစ်ပေါ်ပြီး အခြေအနေများကို ခွဲခြား၍ ပညာပေးဆွေးနွေးရခြင်းဖြစ်ပြီး ရေကြီးခြင်းသတိပေးချက်များတွင် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ အခြားသူများကိုလည်းမျှဝေပေးပါ၊ တောင်ပေါ်ဒေသများတွင် ချောင်းများ၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ကြောင်းတစ်လျောက်တွင် လျှပ်တစ်ပျက်ရေကြီးများဖြစ်နိုင်ကြောင်း သတိပြုရန်နှင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်များက ပြည်သူများကအလေးထား လိုက်နာဆောင်ရွက် မှသာလျှင် အသက်အန္တရာယ်ထိခိုက်မှု ပစ္စည်းဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်းတို့ကို ပြည်သူများလိုက်နာနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We love kyaikmaraw page စာမျက်နှာတွင်လွှင့်တင် ပေးသွားမည်ဖြစ်၍ ဝင်ရောက်လေ့လာကြည့်ရူနိုင်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)