သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်

သာကေတ မေ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အမှတ် (၂) ၊ အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့ နံနက် နာရီတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ် ဆရာ၊ ဆရာမ များမှ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင့်(၁) ဗိုလ်မှူးသူရိန်ဇော် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ (အတွင်းရေးမှူး) ရဲမှူး ဦးဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများမှ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အတွင်းရေးမှူး) ရဲမှူး ဦးဇော်ဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

သာကေတမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည် မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို အ.ထ.က (၂)၊ အခြေခံ ပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ မေလ (၁၉) ရက်နေ့ မှ (၂၀) ရက် နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ ဆရာမ (၅၄) ဦးမှ တက်ရောက်ကာ နည်းပြ ဆရာ၊ ဆရာမ (၅) ဦးမှ နံနက် ၉ နာရီမှ ညနေ ၃ အထိ ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း  သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)