တောင်တွင်းကြီး၌ ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

တောင်တွင်းကြီး မေ ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးကြီးများအား ၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့မှစတင်၍  စနစ်တကျထုတ်ချေးပေးခဲ့‌ကြောင်းသိရသည်။

၂၀၂၂-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေအား တောင်တွင်းကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌  ၂၀၂၁ခုနှစ် မိုးပြေကျေစွာပေးဆပ်ခဲ့သည့် လယ်သာ(၁)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ(၁၂၂)ဦးအား စပါးတစ်ဧကလျင် တစ်သိန်းခွဲနှုန်းဖြင့် လယ်မြေ(၄၈၂)ဧကအတွက် ချေးငွေပမာဏ ကျပ်သိန်း(၇၂,၀၅၀,၀၀၀)သိန်းအား ထုတ်ချေးပေးခဲ့‌ကြောင်းသိရသည်။ ဆက်လက်၍  ၂၀၂၀-မိုး၊ ၂၀၂၁-မိုး ပြေကျေစွာပေးဆပ်သည့် ဘဏ်အဖွဲ့ဝင်တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။

နိုင်ဝင်း(ပြန်/ဆက်)